International News

ရုရှားမှ တရုတ်သို့ ဓာတ်ငွေ့တင်ပို့မှု ဒေါ်လာ ၂.၈၁ ဘီလီယံထိ မြင့်တက်

Last Updated:

ရုရှားဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှုတန်ဖိုးသည် ဇန်နဝါရီမှ မေလအတွင်း ဒေါ်လာ ၂.၈၁ ဘီလီယံရှိပြီး နှစ်စဉ်တွက်ချက်မှုအရ ၂.၁၂ ဆတိုးမြင့်လာကြောင်း တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်စီမံခန့်ခွဲရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပိုက်လိုင်းရောင်းချသည့်နိုင်ငံများတွင် တာ့ခ်မင်နစ္စတန်သည် ပထမနေရာကို ဆက်လက်ရယူထားဆဲဖြစ်ပြီး ငါးလအတွင်း ပို့ဆောင်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄.၂၅ ဘီလီယံရှိပြီး ၁၃.၅ ရာခိုင်နှုန်းခန့် တိုးလာခဲ့သည်။ ဒုတိယနေရာကို ရုရှားက ရယူထားပြီး ၎င်းနောက်တွင် မြန်မာက အမေရိကန်ဒေါ်လာ ၆၃၀.၅၃ သန်းရှိပြီး ၂၃.၁ ရာခိုင်နှုန်းခန့်တိုးလာခဲ့သည်။ ကာဇက်စတန် သည် အမေရိကန်ဒေါ်လာ ၃၀၀.၁၃ သန်း(၂၅.၄ ရာခိုင်နှုန်းခန့်)နှင့် ဥဇဘက်ကစ္စတန်သည် အမေရိကန်ဒေါ်လာ ၁၁၈.၆၃ သန်း(၆၀.၇၁ ရာခိုင်နှုန်းခန့်)သို့ အသီးသီးကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

မေလ တစ်လတည်းအတွင်းတွင် ရုရှားဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှုပမာဏသည် တန်ဖိုးအမေရိကန်ဒေါ်လာ ၄၈၀.၇၄ သန်းအထိ ရောက်ရှိခဲ့ပြီး ဧပြီလနှင့်နှိုင်းယှဉ်ပါက ၁၅.၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။

တရားဝင်အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ရုရှားဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ပို့ဆောင်မှုသည် တန်ဖိုးအရ ၂.၆၃ ဆ တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၉၈ ဘီလီယံအထိ ရှိခဲ့သည်။

Source : https://tass.ru/ekonomika/18067287

ဦးခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ

Category: International News